ပန်းတစ်ပွင့် နန်းထက်မှာတင့်ဖို့
ကျွမ်းရင့်နေတဲ့ နှလုံးသားတစ်စုံကို
သွေးအလိမ်းလိမ်းနဲ့ စတေးပေးလိုက်ရတာ
အသွင်တင့်လေတဲ့ နန်းသခင် သိပါလေစရှင်။
အမြင့်စံနန်းရဲ့တံခါးဝမှာ အစောင့်တွေအစီအရီချ
အချစ်ရှုံးသမားတစ်ယောက်ကို စည်းချလို့တားထားမှတော့
နှလုံးသားရဲ့သွားရာလမ်းက စမ်းတ၀ါးဝါးနဲ့
မှန်းထားသမျှ လွမ်းစကားပဲကြားရတော့မှာပေါ့။
အဆောင်ယောင်တွေမက် အကြင်နာမဲ့တဲ့အပြင်
ဝေဒနာတွေဖက်လို့ မကြေငြာရက်ခဲ့တဲ့အကျွန့်ကို
စေညွှန်ရာထား အစေပါးသဖွယ်လှည့်စား
ရက်စက်စွာထားရက်မှတော့ ရွှေရင်ကော့လို့
အလွမ်းပဲမော့သောက်လိုက်တော့မယ် သခင်။
မခင်လို့ထား အသွင်ခြားအောင် စိမ်းကားဖောက်ပြန်
မုန်းဟန်ဆင့်ကာ အဖန်တစ်ရာမက သွေဖယ်ခံရမှတော့
တစ်ကျော့ပြန်အလွမ်းနဲ့ နှစ်ထပ်ကွမ်းမဖြစ်ချင်တော့ပါဘူး
ဇာတ်သိမ်းခန်းကို အကြမ်းအရမ်းလေးပဲ
ပြောင်းသိမ်းလိုက်တော့မယ် သခင်။....(လရိပ်လေး)
No comments:
Post a Comment