Pages

Thursday, December 20, 2012

***အမုန်းပန်း***



ဝေဒနာတစ်ခုကို အစပျိုး

နှလုံးသားထက်မှာ ကမ္ဗည်းအက္ခရာလာထိုးတာ

အချစ်ဆုံးဆိုတဲ့ စကားလုံးလေးပေါ့၊

ဒီဂရီအမြင့်ဆုံးအပူချိန်တွေနဲ့

နောက်ဆုံးတော့ အလွမ်းတွေ မီးထတောက်တယ်။



ချစ်ချင်းရဲ့ပန်းတိုင်က အလွမ်းလား..?

ရစ်ထုံးမိတဲ့နှောင်ကြိုးက ပြက္ခဒိန်တွေပျက်သုံးလို့

အချိန်တွေသေဆုံးသွားလည်း

အသစ်ပျိုးတဲ့ ပန်းကလေးလို

တစ်ရစ်ရစ်တိုးလို့ အလွမ်းတွေပဲ ပိုပိုတိုးလာတယ်။



ကမ္ဘာကြီးရဲ့အနေထားကို မပိုင်းခြားတတ်တဲ့ ငါ

နှလုံးသားနှစ်ခု ဆက်နွယ်ဖို့

သံယောဇဉ်တံတားလေး တည်ဆောက်ခဲ့မိတယ်၊

နုံအတဲ့စီမံခန့်ခွဲမှုကြောင့်

အလွမ်းတွေပဲအရောင်တောက်

အချစ်တွေပျောက်ဆုံးခဲ့တယ်။



ငါမှားလား..?

သမုဒယနဲ့စခဲ့တဲ့ အချစ်

နောက်ကျမှ အမုန်းတွေဖြစ်လို့

အလွမ်းတွေကျန်ကျန်ရစ်တာ

မြစ်တစ်စင်းနဲ့ စစ်မခင်းတတ်တော့

နေဆယ်စင်းလောက်မကတဲ့အပူနဲ့ ရင်မှာဆူနေလည်း

လမ်းခွဲမှာ လွမ်းရဲအောင်တော့

မျက်ရည်တွေသောက်သုံးလို့

အမုန်းကိုပဲ ဆံထုံးလုပ်ပန်တော့မယ်။.....(လရိပ်လေး)

No comments:

Post a Comment