Pages

Friday, December 14, 2012

ပီတိဆုံရာ အနာဂတ်ကမ္ဘာ


ရွာကစုပေါင်း စာသင်ကျောင်းဝယ်
ခေါင်းလောင်းထိုးသံ ဝေစည်ညံလို့
စာအံဟစ်ကြွေး ကလေးလေးတွေ
ရှေ့ရေးလှပ ပညာရဖို့
သင်ပြဆရာ ဆုံးမတာကို
လိုက်နာကျင့်သုံး ပျော်မဆုံး။

ဝလုံးလှလှ ရေးချပြလို့
ကျောင်းကအပြန် အမေ့ထံပြ
အမှန်ရတော့ ဗဲရီးဂွတ်တဲ့
မော့မော့လေးသာ ကြွားလိုက်ကာဖြင့်
ရင်မှာပီတိ ဖြစ်ကြ၏။

အဖြူအစိမ်း ဝတ်စုံလေးနဲ့
ယဉ်ကျေးသိမ်မွေ့ အများတွေ့က
ချမ်းမြေ့ကြည်နူး ဂုဏ်ရည်ထူးလို့
ချီးကျူး၍သာ အားပေးကာဖြင့်
ပညာအလင်း တက်နေမင်းသို့
အဆင်းတင့်ကာ လင်းလက်လာမည့်
အနာဂတ်ကလေးများပါတကား။

No comments:

Post a Comment