Pages

Saturday, December 1, 2012

***စာနာခြင်းရဲ့သောကအပူ***




အရှင်ဘုရားတို့ရေ မျက်ရည်တွေမြေခလို့
ဝေဒနာဗလပွနဲ့ ရင်မှာနာလှပြီဘုရား
ခံစားချက်ကိုမာန်တင်းကာဖြေနေလဲ
ရင်ထဲမဖြေသာ သေရာပါဒဏ်ရာဖြစ်နေတဲ့
အရှင်ဘုရားတို့ရဲ့ဝေဒနာကို မကြင်သာ
မြင်နေရတာမို့ ဖြေရခက်လှတယ်ဘုရား။

ရေခြားမြေခြား အနေဝေးနေလည်း
တစ်မြေတည်းမွေးတစ်ရေတည်းသောက်ခဲ့လေတော့
ပြည်သူတွေရဲ့အရေးတကယ်တွေးလို့
ထောက်ထားစာနာအသေခံတာမို့
အရှင်ဘုရားတို့အရေး တွေးလို့တကယ်ပူ
ဘ၀င်ဆူလွန်းလှတယ်ဘုရား။

ကံတရားကမွဲတာလား ပညာပဲနည်းတာလား
ထားရာနေစေရာသွားလို့ ကျွန်လိုပဲခံနေရမှာလား
ဇာတ်တူသားတကယ်စားလို့ အမျိုးပြုတ်မှာမစိုးရိမ်
အမျိုးမှိန်အောင်လုပ်ရက် တွေးရခက်လှတယ်
ဘယ်သူ့ကိုအဖေခေါ်လို့ ကူကယ်ပါပြောရမလဲ
အားငယ်စိတ်တွေနဲ့ မျက်ရည်က၀ဲ။....(လရိပ်လေး)

No comments:

Post a Comment