Pages

Friday, December 7, 2012

***အနာဂတ် ရဲ့ကြယ်စင်လေး***




စည်းဆိုတဲ့အရာတစ်ခုအောက်မှာ

ရာသီပေါင်းများစွာ မွန်းကြပ်ခဲ့ဖူးတယ်

နာကျင်ခြင်းတွေ မျိုသိပ်ရင်းပေါ့။



ချစ်ချင်းဆိုတဲ့အရာအောက်မှာ

ချိုမြိန်တဲ့တေးသွားလေးတွေနဲ့ သံစဉ်ညှိခဲ့ဖူးတယ်

တစိမ့်စိမ့်ကြည်နူး ပျော်ရွှင်ခြင်းတွေနဲ့ပေါ့။



ဘဝဆိုတဲ့ဇာတ်ကွက်တစ်ခုအောက်မှာ

စည်းချက်တွေအတိုင်း လိုက်ကခဲ့ဖူးတယ်

အောင်မြင်ခြင်း ကျရှုံးခြင်းတွေကို

အပြန်အလှန်သုံးသပ်ပြီး ရှေ့ဆက်ဖို့မာန်တင်းရင်းပေါ့။



ခွဲခွာခြင်းဆိုတဲ့ အရာအောက်မှာ

မျက်ရည်တွေတွဲခိုပြီး လမင်းကြီးကိုမော့ကြည့်ခဲ့ဖူးတယ်

နွမ်းလျတမ်းတခြင်းတွေကို ပင့်သက်နဲ့အတူကျောခိုင်းရင်းပေါ့။



အဆုံးမှာ

ခံစားမှုတွေကို နိဂုံးချုပ်လို့ မျှော်လင့်ခြင်းတွေ

အရောင်တင် အနာဂတ်ကြယ်စင်အဖြစ်

လင်းလက်ဖို့ မှိတ်တုတ်တုတ်ကြယ်ကလေးတစ်လုံး

အပြုံးယဲ့ယဲ့လေးနဲ့ အားယူနေတုန်းပေါ့။.

No comments:

Post a Comment