Pages

Friday, December 7, 2012

***စိုးကြောက်ဖွယ်***








ခေတ်အမျိုးမျိုးပြောင်း
စနစ်အမျိုးမျိုးလောင်း
ရောင်းကုန်နှယ်ပုံသွင်း
ကမ္ဘာမြေတလင်း
လေလံပွဲတည်ခင်း။

မြန်မာဆိုတဲ့ လှယမင်း
အဆင်းတွေနဲ့ဝင့်ထည်လဲ
တရုတ်ကဆွဲ မွတ်စလင်က၀ဲနဲ့
ဂယောက်ဂယက် ဂျောက်ဂျက်သီချင်းလိုပဲ
ဟိုတစ်ဝက် ဒီတစ်ဝက်
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မဲ့ပွဲ။

အနှောက်ယှက်တွေထပ်ကဲကာ
ယောက်ယက်တွေခတ်လာမှာမို့
နောက်များကို မဖောက်ပြားအောင်
ထောက်ထားကာစာနာလို့
ဝိုင်းလို့သာအဖြေရှာကြပါတော
အပျော့ဆွဲကာမနေကြပါနဲ့
အမျိုးပျောက်မှာ စိုးကြောက်ကွဲ့လေး။ (လ၇ိပ်လေး)

No comments:

Post a Comment