Pages

Thursday, January 12, 2017

***လရောင်ကြားက အလွမ်းမြစ်ဖျား***

လရောင်အလှ မြင်လေသမျှ
လွမ်းရတိတ်ဆီ ဖြေမဆည်။

သည်ချိန်လရိပ် အေးမြလိမ့်လည်း
စိမ့်စိမ့်ရင်ထဲ လွမ်းရိပ်ကဲလျက်
စွဲလမ်းစိတ်သာ ပိုကဲလာ။

လရောင်ဖြာကျ ညအလှဝယ်
ဖြစ်ရဝဋ်ကြွေး ကုန်စဉ်ဝေးလျက်
နွေးထွေးရင်ခွင် ခိုဝင်ချင်လည်း
မခင်သူဝေး ရှောင်ခွာပြေး၍
လွမ်းရေးဆင့်ကာ ကြေကွဲလာ။

နောင်သောအခါ လမင်းသာလျင်
နှစ်မွှာချစ်သဲ တူယှဉ်တွဲလျက်
မခွဲမခွာ နေရပါလို
တောင်းဆုဆိုတာ သိစေလို။

လရိပ်လေး (မောင်းမကန်)
၁၂.၁.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment