Pages

Thursday, January 12, 2017

***အမေ့ဂုဏ်***

နှိုင်းဖွဲ့မကုန် အမေ့ဂုဏ်သည်
ဝသုန်မြေကြီး ပြိုပျက်စီးလည်း
တစ်ထီးတစ်နန်း စံမြန်းလျက်သာ
တည်နေလိမ့်မှာ အမှန်ပါ။


စာပေပေါင်းစုံ နှိုင်းဖွဲ့ဆိုလည်း
ထိုထိုစာများ မေ့မေတ္တာကြားဝယ်
ဝပ်တွားခယ ရိုကျိုးရလျက်
ရှုံးကြလေမှာ အသေချာ။

အမေ့မေတ္တာ အမေ့ရောင်ဝါသည်
ကမ္ဘာတလွှား ယှဉ်နိုင်းအားမဲ့
ချစ်များပြည့်ဝေ ပျော်ရွှင်စေသလို
အမေများ သည်နေ့ပျော်ပါစေ။

လရိပ်လေး (မောင်းမကန်)
၁၂.၁.၂၀၁၆
http://layeiklay.blogspot.com/

No comments:

Post a Comment