Pages

Sunday, January 1, 2017

***လူ့ဘဝအလှ ပြင်တတ်မှ***


တကယ်လှချင်
စိတ်ကိုပြင်
ပျော်ရွှင်မှုတွေ ရလိမ့်မည်။

အတ္တကိုပယ်
မေတ္တာသွယ်
ရင်ဝယ်ငြိမ်းချမ်း ရလိမ့်မည်။

တိုးတက်စေချင်
မုဒိတာဝင်
ပညာမျှဝေ ပေးရမည်။

စီးပွားလိုချင်
တွေးခေါ်ယှဉ်
သင်ယူလေ့လာတတ်ရမည်။

လက်တွဲရှည်ချင်
သစ္စာယှဉ်
အမြင်ပွင့်လင်း နေရမည်။

မိတ်ဆွေလိုချင်
ပြောဆိုပြင်
ခင်မင်မှုတွေ ပေးရမည်။

ငြိမ်းချမ်းလိုလျင်
ပညာယှဉ်
ညှိုနှိုင်းဆွေးနွေး တတ်ရမည်။

ကံကောင်းစေချင်
ကုသိုလ်ယှဉ်
ကြင်နာမေတ္တာ ထားရမည်။

လူပီသချင်
များကျိုးငင်
အသင်ကိုယ်ကျိုး စွန့်ရမည်။

ဘဝကူးကောင်းချင်
တရားယှဉ်
မသေခင် ကျင့်ကြံတတ်ရမည်။

လရိပ်လေး (မောင်းမကန်)
1.1.2017
http://layeiklay.blogspot.com/

No comments:

Post a Comment