Pages

Saturday, January 14, 2017

***စည်း***


မွှေးပျံ့အဆင်း ရနံ့သင်းလျက်
အချင်းပြည့်စုံ ပန်းဖူးငုံအား
ဆုံစဉ်ခဏ တဏှာကြွ၍
လှပပျက်စေ ခြွေရစ်လေသော်
အသရေပျက်ကာ နွမ်းလိမ့်မှာ။

တည်ကြည်အဆင်း ယုံကြည်ခြင်းနှင့်
မာန်ကင်းလှပ မိန်းမလှအား
ခဏဆုံစဉ် ချစ်ကျွမ်းဝင်လျက်
ကြင်နာမဲ့စွာ စည်းပျက်ပါလျင်
စိတ်မှာနွမ်းကာ လမ်းပျောက်မှာ။

ပန်း၏အဆင်း လူအချင်းကို
သန့်ရှင်းဂုဏ်တွေ ပိုင်ဆိုင်စေဖို့
မသွေမဖောက် စည်းတွေစောင့်လျက်
မှောက်မှာခြင်းကင်း အသိသွင်းလျင်
လက်ငင်းကောင်းကျိုး ရမယ်ထင်။

လရိပ်လေး (မောင်းမကန်)
၁၄.၁.၂၀၁၆
http://layeiklay.blogspot.com/

No comments:

Post a Comment