Pages

Monday, January 16, 2017

***အချစ် အမုန်း အလွမ်း***

ရွှေဘိုမြေ၏ အအေးဓာတ်သည်
သိမ်မွေ့နူးညံ့သော လေပြေကိုသယ်ဆောင်လာလျက် 
အလွမ်းကို ပေါက်ဖွားပေးသည့်အလား

နှလုံးသားတစ်နေရာတွင် အမည်မသိသော
ခံစားမှုသည် တိုးတိတ်စွာနေရာယူလေသည်။

အပြင်ကမ္ဘာတွင် ရင့်ကျက်ဟန်ဆောင်လျက်
အတွင်းကမ္ဘာတွင် မွန်းကျပ်ခြင်းများအား
မြှုပ်နှံထားရသည်။

အချစ်အားမျက်ကွယ်ပြုရက်သော်လည်း
အလွမ်းကိုမူ စက္ကန့်တိုင်း သိမ်းထားနေမိသေးသည်။

ကျွန်မ အချစ်ကိုမုန်းသည်။
သို့သော် အလွမ်းကိုချစ်သည်။

လရိပ်လေး (မောင်းမကန်)
၁၆.၁.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment