Pages

Friday, January 6, 2017

***ပြည်လည်ဆုံးစည်းကြပါအုံးစို့****


ဆရာမကြီးနဲ့ အမှတ်တရ
ဒီနေ့ကတော့ ထူးခြားဖြစ်စဉ်လေးပေါ့
စာရေးနည်းသင်တန်းအမှတ်စဉ် (၄)မှ
စာရေးဆရာ ဆရာမတွေနဲ့ပြန်လည်တွေ့ဆုံပြီး
စာပေအကြောင်းလုပ်ငန်းတွေအကြောင်း
ပြောဖြစ်ခဲ့ကြတယ်။

စားရင်းသောက်ရင်း ပေါ့ပါးလွပ်လပ်ပြီး
ရာထူးတွေ ဂုဏ်တွေကို မေ့ထားခဲ့ကြတာတွေ့ရတယ်။
ကလေးတွေလိုဖြူစင်စွာနဲ့ အားပါးတရရယ်မောဖြစ်ခဲ့ကြတယ်။

ဒီလိုဖြူစင်တဲ့ သူတွေနဲ့ခင်မင်ရဖို့
စတင်ဖန်တီးပေးခဲ့သော ဆရာမကြီးဆီသွားပြီး
လွတ်လပ်ရေးနေ့မှာ အားလုံးအတူတူကန်တော့ခဲ့ကြတယ်။

ဆရာမကြီးကပြောတယ်
သမီးတို့နဲ့ဆုံရတာ အသက်ပြန်ငယ်သလိုခံစားရ
သလို အရမ်းပျော်တယ်တဲ့လေ။

ကျေနပ်မိပါတယ်။ 
အရမ်းတော်တဲ့ စာရေးဆရာတွေနဲ့တွေ့ရသလို
ပွင့်လင်းဖြူစင်မှုရသကို ခံစားရလို့ပါ။
နောင်လည်းထပ်ဆုံဖို့ကြိုးစားပါအုံးမည်။

လရိပ်လေး (မောင်းမကန်)
4.1.2017
http://layeiklay.blogspot.com/


စားရင်းသောက်ရင်းတပျော်တပါး
 

No comments:

Post a Comment