Pages

Saturday, January 14, 2017

***အဖြေမဲ့ ပုစ္ဆာ***


လျှပ်တပြက်ယုယမှုကြား
မဝံ့မရဲ မျက်လွှာချ
မျက်ဝန်းတစ်စုံကို
မခို့တရို့လေး ကြည့်မိမှ
ရလဒ်တစ်ခုက အထင်အရှား။

တဒင်္ဂအတွင်း
ကမ္ဘာသစ်တစ်ခုတွက်
သတ္တိတွေမွေးဖွား
သင်္ကေတတစ်ခုအတွက်
ရူးသိပ်မှုများစွာနှင့်
လှတရားက ပြိုင်ဘက်ရှား။

အတိတ်မလို
အနာဂတ်မလို
သူသာရှိ ပြီးပြည့်စုံ၏။

ဒါလား "အချစ်"

လရိပ်လေး (မောင်းမကန်)
၁၃.၁.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment