Pages

Thursday, January 19, 2017

***ကျွန်မမှားများမှားလေမလား***

မသေချာနိုင်သော မနက်ဖြန်အတွက်
တွေးမိတိုင်း ကျွန်မအားချစ်သောသူ
ကျွန်မအား မုန်းသောသူအားလုံး
ပျော်ရွှင်ကျန်းမာဖို့ ဆုတောင်းနေမိသည်။

သေခြင်းတရား၏ တည်မြဲခြင်းကိုနားလည်ပြီး
လူကိုလူဟုမြင်တတ်လျင်
လူတိုင်းငြိမ်းချမ်းမည်ထင်မိသည်။

အတ္တများခွာချလျက် အကောင်းမြင်စိတ်မွေးပြီး
မုဒိတာစိတ်များထားကြပါက
လောကကြီးသာယာမည်ဟု ထင်မိသည်မှာ
ကျွန်မမှားများမှားလေမလား

လရိပ်လေး (မောင်းမကန်)
၁၈.၁.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment