Pages

Thursday, January 12, 2017

***ကူသူမဲ့ သစ္စာ***

 
အများပျော်စေဖို့ ကြိုးစားနေရင်း
နားထောင်သူမဲ့သည့် စကားလုံးများအား
နှလုံးသားတစ်နေရာမှာ မြှပ်နှံထားရသည်။

ဖြစ်သင့်တာကို လုပ်နေပါလျက်
မဖြစ်ချင်တာတွေကြုံရသောအခါ
တိတ်တဆိတ်ဖြေသိမ့်ရင်း
ကြိတ်မှိတ်ငိုခဲ့ရသည်။

အများပျော်မယ်ဆို ငိုပါရစေ။
အများတိုးတက်မယ်ဆို ပေးဆပ်ပါရစေ။
အများငြိမ်းချမ်းမယ်ဆို ဘဝကိုစတေးပါရစေ။

ကျွန်မ၏ပေးဆပ်မှုနှင့် ကြုံသောသူများသည်
ထာဝရငြိမ်းချမ်းလျက် အနာဂတ်လှပပါစေ။

ဤမှန်သောသစ္စာ တည်ခဲ့ပါမူ
သေခါကျလျင် တရားယှဉ်လျက်
စင်ကြယ်သီလ ကျင့်ကြံရကာ
ဘဝလားရာ ကောင်းပါရစေ
တမ်းတကာလေ တောင်းဆုချွေ။

လရိပ်လေး (မောင်းမကန်)
၁၁.၁.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment