Pages

Sunday, January 22, 2017

***မေ့ပါရစေ***

တွယ်ငြိချစ်ခြင်း သည်ရင်တွင်းမှ
အပ်နှင်းသစ္စာ လွမ်းကဗျာတွေ
တိတ်မှာချန်ရစ် မေ့ပါရစေ။

မိတ်ဆွေများကြား နားလည်ထားလည်း
လွဲမှားစိတ်တွေ ထားခဲ့လေလျက်
အမုန်းဖြစ်တာ မေ့ပါရစေ။

ပေးဆပ်ဖို့သာ တွေးနေပါလည်း
ရောက်ရာရပ်နေ တပည့်တွေကို
ဝေးနေချိန်တိုင်း မျက်ရည်ဝိုင်းမတတ်
လွမ်းရတာတွေ မေ့ပါရစေ။

ကြင်နာချစ်ခြင်း တကယ်ကင်း၍
မြစ်တစ်စင်းနှယ် စီးဆင်းသွယ်လျက်
ရယ်မောခြင်းတွေ မေ့ပါရစေ။

ချစ်မုန်းလွမ်းဖယ်
ဤဘဝဝယ် မေ့ပျောက်လွယ်သည့်
ကျောက်ဆစ်နှလုံးသား ဖြစ်ပါရစေ။

လရိပ်လေး (မောင်းမကန်)
၂၁.၁.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment