Pages

Friday, January 6, 2017

***စိတ်အဆင်း***


တဏှာစိတ်သွင်း ထိုချစ်ခြင်းကြောင့်
ရင်တွင်းပူမီး လောင်ဖူးသည်။

အတ္တစိတ်သွင်း မာနအဆင်းကြောင့်
ရင်တွင်းလောင်မြိုက် ခဲ့ဖူးသည်။

မုဒိတာကင်း မနာလိုခြင်းကြောင့်
ရင်တွင်းနာကျင် ခဲ့ဖူးသည်။

အမှန်ပွင့်လင်း မရှိခြင်းကြောင့်
လက်ငင်းမိတ်ဆွေ ပျက်ဖူးသည်။

တရားစိတ်သွင်း နေထိုင်ခြင်းကြောင့်
ရင်တွင်း ငြိမ်းချမ်းခဲ့ဖူးသည်။

ဖြစ်ပျက်ခဏ ဤဘဝတွင်
တွေ့သမျှအား စိတ်ခံစားက
အမှားကိုတွေး အမှန်ဝေးမည်။

စိတ်ငြိမ်းချမ်းတာ လိုချင်ပါမူ
ရင်မှာမှတ်သား မြတ်တရားသာ
ပွားများတော့မည် စိတ်ကရည်။

မနက်ဖြန်သာ သေဆုံးပါလျင်
အသင်တို့ ဘာကိုလုပ်မည်နည်း။

လရိပ်လေး (မောင်းမကန်)
၅.၁.၂၀၁၆
http://layeiklay.blogspot.com/

No comments:

Post a Comment