Pages

Wednesday, January 11, 2017

***ဝဋ်ကြွေးရှိလျင် ကျေစေချင်***


တဏှာဝဋ်ကြွေး ဘဝပေးမှ
လွတ်ငြိမ်းခွင့်သာ ရချင်ပါလည်း
မလွတ်နိုင်ရာ သည်ကြမ္မာဝယ်
တဝဲလည်လည် နာကျင်သည်။

ဝဋ်ကြွေးတုံ့တင် ရှိပါလျင်လည်း
ရင်ကွဲတမျှ ခံခဲ့ရသည့်
ဒုက္ခဆင်းရဲ ဘဝမွဲလျက်
ဇွဲဖြင့်ပြုရ မြတ်ဒါနကြောင့်
လွတ်ရပါလို တောင်းဆုဆိုသည်။

ခုဘဝတွင် လူဖြစ်စဉ်လည်း
ချစ်ခင်သူများ ကောင်းစေငြားဖို့
တွေးများဖြင့်သာ ပေးဆပ်ပါမည်
စိတ်မှာတည်လျက် မျက်ရည်ကြားမှ
အားတင်းလျက်သာ ရှေ့ဆက်မည်။

လရိပ်လေး (မောင်းမကန်)
၁၁.၁.၂၀၁၆
http://layeiklay.blogspot.com/

No comments:

Post a Comment