Pages

Tuesday, January 10, 2017

*** ပန်းပျိုးသူလား ပန်းခြွေယူသူလား***

ဖြူစင်သူတိုင်းသည်
ရယူခြင်းအတွက် မေ့လျော့နေတတ်၍

အတ္တကြီးသူတိုင်းသည်
ရယူခြင်းဖြင့် အချိန်ကိုကုန်ဆုံးစေသည်။

ပန်းတိုင်းသည်
ဖူးပွင့်ရန် ခက်သော်လည်း
ခြွေယူရန်ကား လွယ်ကူလှသည်။

ကိုယ်သည် ပန်းပျိုးသူလား
ပန်းခြွေယူသူလား တွေးနေမိသည်။

လူ့ဘဝစက္ကန့်တိုင်း အနှစ်သာရရှိရန်
မျှော်လင့်ခြင်းကင်းသော
ပန်းပျိုးသူဖြစ်ဖို့ ကြိုးစားရန် အားယူနေမိသည်။

ထိုသို့အကြံအောင်မြင်ရန်
ကျွန်မသည် တဏှာချစ်ခြင်းကင်းချင်ပါသည်။

လရိပ်လေး (မောင်းမကန်)
8.1.2016
http://layeiklay.blogspot.com/

No comments:

Post a Comment