အရိုင်းအစိုင်းတဲ့ စကားလုံးတစ်လုံးက
ရာသီတွေ ပြောင်းပြန် လှည့်စားလိုက်တယ်။
သန့်စင်ဖို့ကြိုးစားတုန်း ဒေဝဒတ်က အုပ်စိုးလိုက်ပြီ
လမ်းကြုံတုန်း မော်ဖူးလိုက်တာ
ရမ္မက်ခိုးတွေဝေသွားတယ်။
နန်းမထိုက်တော့တဲ့ ပန်းတစ်ပွင့်
အဆင်းတင့်လည်း အချင်းမဲ့တော့
ခြေနင်းအခင်းတစ်ခု ခစားဝင်လာတယ်။
အသက်မဝင်တော့တဲ့ ပန်းချီကား
လက်သင့်မခံတဲ့ ပြပွဲမှာ ချောင်ထိုးထားလို့
မျှော်လင့်ခြင်းတွေခရီးထွက်သွား တယ်။
လွမ်းတော့လွမ်းမိပါရဲ့
ဝေရမဲ့အချိန် ရေပြတ်နေတော့
ကန္တာရအခင်းကိုပဲ ဖဲမွေ့ယာလုပ်လိုက်ရတယ်။
အသိမဲ့စွာ ငါတွေးမိပါရဲ့
ခံပြင်းခြင်းတွေအိမ်ဆောက်မလားလို့
စစ်သုံးပန်းလို အားမတန်လို့မာန်လျှော့လိုက်ရတယ် ။
ကိုယ်တိုင်ဖော်ခဲ့တဲ့အဆိပ် ကိုယ်တိုင်သောက်လို့
ရင့်ကျက်ဖို့ဟန်ဆောင်ရင်း တောင့်တမှုတွေကို
ကိုယ်တိုင်ကြိုးကွင်းစွပ်လိုက်ြ ပီ။
(ပျော်ရွှင်မှုမရှိတဲ့ ဘဝတစ်ခုဆီ လှမ်းရင်းပေါ့)
No comments:
Post a Comment