Pages

Saturday, November 3, 2012

မုန်းရက်သူ....သို့


မချစ်တတ်သူမို့ အချစ်ငတ်တယ်လို့ ဆိုချင်ဆို
မချစ်ဖူးသူမို့ အချစ်ရူးတယ်လို့ ဆိုချင်ဆို
ကံကြမ္မာနည်းတဲ့ သံသရာထဲဆိုရင်
ကိုယ့်လိုလူဟာလဲ တစ်ယောက် အပါဝင်ပေါ့။

အချစ်ကံကောင်းသူ အတွက်
အသဲပေါင်းထောင်သောင်းမကအောင်
တန်ဆာဆင်လို့ရပေမယ့်
အချစ်ကံခေသူအတွက်တော့
ပုလဲဥ မျက်ရည်တွေနဲ့ပါ။

အချစ်ကံ လှမလားလို့  ကြေငြာခဲ့မိတာကို
သေရာပါအောင် နင်းရက်ခဲ့တယ်နော်။
ငါဟာ မင်းအတွက်
ရာဇဝင်မှာ စာတင်လောက်တဲ့
သူရဲကောင်းတစ်ယောက်မဟုတ်ပေမယ့်
ငါအတွက်တော့ မင်းဟာ စံပြဖြစ်ခဲ့ရသူပါ..။

မင်းကြောင့် ရခဲ့တဲ့ ဒဏ်ရာတစ်ခုကို
ငါ့တစ်သက်မှာ မှတ်သားရမဲ့
သင်္ခန်းစာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်လဲ
ငါရှုံးရတာ တန်ပါတယ်ဟာ။

အရှုံးပေးရင် နှလုံးအေးတယ်ဆိုပေမယ့်
အခုတော့လေ ….ငါ
အမုန်းလက်နက်တွေနဲ့ အုန်းစက်ခဲ့ရပြီဟာ။

No comments:

Post a Comment