ထာဝရ အနားပေးခံရမှာ
အသက်ထက် ကြောက်နေမိတာတောင်
ထားခဲ့ရက်တယ်နော်။
မှောင်မိုက်တဲ့ညလေးမှာ
မျက်ကန်းလမ်းသွားပမာ
စမ်းတဝါးဝါး လျှောက်နေရသူမို့
တွဲလက်ကို ဖြုတ်ခဲ့တာလားလေ။
ဓနမဲ့လမ်းလေးမှာ
အခမဲ့အနမ်းလေးတောင်
မချွေရက်ခဲ့နိုင်ဘူးနော်။
ဝေးရတော့မယ် ခရီးမှာ
မျက်တောင်တစ်ခတ်နဲ့
အသက်ပျောက်စေချင်သလား
အနှေးပြကွက်လေးနဲ့တောင်
မစာနာရက်ခဲ့ဘူးနော်။
ညမင်းငိုနေရင်တောင်
လမင်းကသူ့ရဲ့ကြယ်လေးတွေနဲ့
နှစ်သိပ်ပေးသလို
နှစ်သိပ်မပေးနိုင်ခဲ့ဘူးနော်။
ထားခဲ့ပါ တအား ရက်စက်မှတော့
မှားခဲ့ ..လဲ ဆားထက်ငံတဲ့အရသာကို
တတ်မက်မနေတော့ပါဘူး
ဝဋ်ရှိခဲ့လို့ ရစ်မိနေတာဆိုရင်လဲ
ကျေပါစေတော့။
No comments:
Post a Comment