Pages

Monday, November 19, 2012

လွမ်းရင်းနဲ့ပဲနေခဲ့မယ်


မေတ္တာရှေ့ထား ချစ်ချင်ငြားလည်း
ငါကားဘဝ မလှပတော့
ချစ်စတွေကို မေ့မယ်ဆိုလည်း
 နှစ်လိုအပြုံး ယဲ့ယဲ့သုံးလို့
နှောင်ထုံးချွေဖျက် နေခဲ့မယ်။

နေရောင်ပျက်သုဉ်း ချစ်စိတ်တုံးလို့
အမုန်းခြွေချ နွမ်းကြေရလည်း
ဘဝလမ်းထဲ ရှေ့ဆက်မြဲမို့
ရိပ်ကဲကြည့်ကာ နောက်နားမှာပဲ
ထောက်ထားညှာလို့ နေခဲ့မယ်။

အချစ်သစ်တွက် အပြစ်ဖွဲ့ကာ
ထားခဲ့တာမို့ မျက်ရည်စို့လည်း
ရင်မို့မို့မှာ ဖြေထုံးရှာလို့
သွေကာဖယ်ရင်း အပြစ်ကင်းကင်း
လွမ်းရင်းနဲ့ပဲ နေခဲ့မယ်။

No comments:

Post a Comment