မိုးစက်ရဲ့အေးမြခြင်းက
ငါ့ဘဝအတွက်အလင်းပေးမဲ့
အစိုဓာတ်မြေခံမဟုတ်ခဲ့တော့
ဒဏ်ရာတွေနဲ့နာကျင်နေတဲ့
လှောင်အိမ်ထဲကငှက်တစ်ကောင်ရဲ့ လွပ်လပ်ချင်စိတ်ကို
ယမမင်းရဲ့အမိန့်တစ်ချက်နဲ့ ကြွေမဲ့သူအဖြစ် စာရင်းတင်လိုက်တယ်။
တစ်စက္ကန့်လောက်လောက်တောင် မပျော်သင့်တော့တဲ့ငါ
တာဝတိံသာကစောင်းကြိုးညှိသံက အဏ္ဏဝါပင်လယ်ပြင်ကြီးကို
ငိုချင်းတေးတွေသီလို့ ချော့သိပ်နေသယောင်ပါ။
မာယာဗလပွနဲ့ အနုအရွ ကကြိုးတွေ ပြူသမျှ
အမုန်းဝေနေတဲ့ သုဘဒ္ဒါနှလုံးသားနဲ့
ထုသားပေသားကျအောင် နင်ပုံဖော်လိုက်တယ်နော်။
ဒိုင်ယာရီဆီပြန်မသွားချင်တော့ဘူး
လှိုင်းဂယက်ထတဲ့ ပင်လယ်ကြီးရဲ့ငိုညည်းသံကို
နားမဆင်ရက်တော့လို့ပါ။
နွေရက်တွေကို မတမ်းတတော့ပါဘူး
မိုးပြိုမှာကြောက်လို့ပါ။
နောက်ပါးက ခစားလို့
ပိုနေမြဲကျားနေမြဲပဲကောင်းမှာပါ ။
နေသားမကျနိုင်တဲ့ နှလုံးသားကို
အကျဉ်းချရင်းလေ။
စည်းချက်နဲ့မကိုက်တဲ့ အက
သက္ကရာဇ်ကမမှတ်မိတော့
ဗေဒင်ဆရာအတွက်မှား
နက္ခတ်လွဲမှား တေးသွားတွေပြိုပျက်လို့
ပျော်ရွှင်ခြင်းတွေကို ဂူသွင်းစတေးလိုက်တော့မယ်။
No comments:
Post a Comment