Pages

Friday, August 30, 2013

***မေတ္တာရေစင် ပေးစေချင်***




ပညာရောင်ဝါ ထွန်းလင်းပါလည်း
စာနာမထား လူမျိုးများတွက်
အားထားချင်ဖွယ် မကိုင်တွယ်က
နောင်ဝယ်သမိုင်း သင့်တွက်ရိုင်းကာ
တွေးတိုင်းရင်နာ ခံခက်မှာ။

အာဏာရှိန်ဝါ ရှိနေပါလည်း
ဘာသာလူမျိုး ပြည်ကောင်းကျိုးတွက်
အားကြိုးမာန်တက် မဆောင်ရွက်က
မျိုးဆက်လည်းတုံး လူဖြစ်ရှုံးကာ
နောက်ဆုံးရမှာ အမုန်းသာ။

ပစ္စည်းဥစ္စာ ပြည့်စုံပါလည်း
ပြည်ရွာထဲမှာ မပြည့်ရှာသည့်
နေရာတွေတွက် မဖြည့်စွက်ပဲ
ကိုယ်ကျိုးတွက်သာ လုပ်နေပါက
ဘယ်မှာ လူသားဆန်မည်နည်း။

သို့ကြောင့်သာပင် လူဖြစ်လျှင်ကား
မခင်အတ္တ မာန်ခွာချ၍
လောဘလည်းရှင်း ကူညီရင်းသာ
သွေးချင်းတွေနဲ့ ဘာသာတွက်ကို
နေ့ရက်တိုင်းမှာ လေးထားကာဖြင့်
မေတ္တာရေစင် ပေးစေချင်။

(လရိပ်လေး) (30 .8 .03)

No comments:

Post a Comment