Pages

Saturday, August 24, 2013

***အဖြည့်ခံ ပန်း***



 
ချစ်ကံရယ်ခေ ကြမ္မာမွှေလို့
လေပွေသရမ်း ပက်ကာဖြန်းတော့
ချစ်လမ်းခရီး ဘယ်မနီးပဲ
ပူမီးရယ်သာ လောင်ကျွမ်းတာမို့
ရင်မှာနာကျင် စိတ်မရွှင်။

ချစ်မိုးတွေစွေ ချစ်သက်သေနဲ့
ချစ်ရေမောင်ရေ ခေါ်ချင်ပေလည်း
ကံခေခဲ့သူ နောက်ကျလူမို့
ရင်ပူတိုးတိတ် မျက်ရည်စိမ့်လျှက်
ဖြေသိမ့်ကာလွမ်း စိတ်ရယ်နွမ်း။

အားငယ်လို့ပင် စိတ်မရွှင်လည်း
သခင်ပျော်ဖို့ မျက်ရည်စို့ကာ
ရင်ဆို့ကြေကွဲ ဖြည့်ခံသဲနဲ့
ရိပ်ကဲဟန်ပြင် ပြုံးယောင်ဆင်၍
သခင်လိုအင် ပေးဆပ်ချင်။
 
(လရိပ်လေး) (24 .8 03)
 

No comments:

Post a Comment