Pages

Friday, August 30, 2013

***မေ့သည်းရှင် သို့***


 
အတိတ်ခြေရာ
စိုးမိုးလာ
ရင်နာကြေကွဲ လွမ်းနေဆဲ။
သူနဲ့ဆုံရာ
တွေးမိတာ
ကြင်နာတွေလည်း သစ်လွင်မြဲ။

သူ့ရဲ့ယုယ
သတိရ
ပျော်ကြချိန်ခါ တမ်းတလာ။
ကိုယ်သာချစ်ခဲ့
သူလိမ်ရက်
ဘယ့်တွက်ကြောင့်ရယ် မသိတယ်။

ရှောင်ဖယ်ကာထား
သူပြစ်သွား
လှည့်စားလျှက်သာ ချန်ခဲ့တာ။
သို့ပေမဲ့လည်း
မေ့ရင်ထဲ
စွဲစွဲမြဲမြဲ ချစ်နေဆဲ။

နေ့ရက်တိုင်းမှာ
သူ့ကိုသာ
လွမ်းကာနေမိ သူမသိ။
ချစ်၏မာယာ
ကျော့ကွင်းမှာ
ဆက်ကာနစ်မြော လွမ်းစိတ်နှော။

ကဗျာစာလေး
သူ့တွက်ရေး
လွမ်းတေးလေးဆင် ပေးပို့ချင်။
မေ့စာကိုမြင်
သနားခင်
ပြန်ကြင်စေချင် ချစ်သည်းရှင်။

(လရိပ်လေး) (28 .8 .03 )

No comments:

Post a Comment