Pages

Friday, August 9, 2013

***လွမ်းဇာတ်ဆရာ***


မိုးရိပ်လွင့်စင် လရောင်မြင်လည်း
တမင်ရှောင်ပုန်း သွေခွာမုန်းသူ
ဖြေရုန်းချစ်ရိပ် အလွမ်းဆိပ်သက်
တိတ်ဆိတ်ညထဲ အမုန်းကဲအောင်
လွမ်းပွဲစင်တင် သည်းပလ္လင်မှာ
ရွှေရင်ကြေမွ နာကျင်လှအောင်
သုံးချမာယာ ရက်စက်စွာ။

ချစ်ကမ္ဘာမှာ ချစ်တတ်လာအောင်
သာယာနုရွ စကားလှနဲ့
ဆုံးစမဲ့စေ ချစ်သက်သေတွေ
ရေမြေသမုဒ္ဒရာ မချန်ပါပဲ
သကာလူးသို့ ပါးမို့မို့မှာ
မခို့တရို့ နမ်းတွေဖို့တော့
မေပျို့အသည်း ချစ်ရိပ်ကဲ။

ချစ်ရက်တွေရှည် ချစ်တွေဝေလို့
တူနေတူသွား ချစ်စိတ်ပွားမှ
မုန်းထားဖို့ဆို လွမ်းခွဲလိုတော့
မေပျိုရင်ထဲ ဆယ်နေကဲပါ့
အသဲနွမ်းကြေ လွမ်းရက်ရှည်။

မဖြေသာလည်း ကြမ္မာမွဲမို့
လမ်းခွဲလေးမှာ အသည်းနာလျှက်
သူသာပျော်စေ တောင်းဆုချွေလို့
စာတွေသီကုံး မေတ္တာပြုံးနဲ့
မဆုံးကမ္ဘာ သံသရာထိ
မကွာချစ်ထုံး လွမ်းဇာတ်သုံး။(လရိပ်လေး)

No comments:

Post a Comment