Pages

Monday, August 12, 2013

နေမဝင် အလွမ်း ************




ချစ်ခဲ့ဖူးပါတယ် အလွမ်းရာဇဝင်မပီပြင်ချိန်ကပေါ့
ဝိုးတဝါးအိမ်မက်တွေကို ရသလှလှလေးတွေဆင်မြန်းရင်း
အချစ်လို့အမည်တွင်ခဲ့တာ အနှစ်မဲ့တဲ့ပူလောင်ခြင်းတွေ
နှလုံးသားမှာဆူးတစ်ချောင်းလို စူးနစ်ခဲ့တယ်……ချစ်သူ။

အလွမ်းကဗျာ အလွမ်းစာတွေဖတ်ခဲ့ရပေမဲ့
ရင့်သီးတဲ့စေစားမှုလို့မထင်မိဘူး….ချစ်သူ။
ကိုယ်တိုင်ပျိုးမှ ရင်မှာလွမ်းမိုးတွေစွေခဲ့တာ
နေမဝင်အင်ပါယာ လိုပါပဲလား
ဘယ်တော့မှအလွမ်းမဆုံးတော့ဘူး…..ချစ်သူရယ်။

ကမ္ဘာကြီးကလည်နေတယ်တဲ့လား
အလွမ်းကရော ဘာလို့တည်နေတာလဲ
ပျှမ်းမျှခြင်းဆိုတာ အချစ်တွက်မပါဘူးလားလေ
ရင်ခွင်သစ်တစ်ခုကို အစားထိုမယ်ကြံတိုင်း
နင်နဲ့ပတ်သက်တဲ့ အလွမ်းရာဇဝင်ကိုပဲ
အမှတ်ရနေမိတော့ လွမ်းကဗျာလေးသီကုံးလို့
နေမဝင်အလွမ်းလေးကိုပဲ မော်ဖူးနေပါရစေ……ချစ်သူရယ်။(လရိပ်လေး)(12 . 8 .03 )

No comments:

Post a Comment