Pages

Thursday, September 5, 2013

လေးစားကြည်ညို ရိုသေစို့



အိုဘယ့်မြန်မာ တစ်ခေတ်ခါက
ပြည်ရွာကောင်းကျိုး တို့လူမျိုးတွက်
သံဃာတော်များ မေတ္တာထားလို့
စွန့်စားသက်ပေး ကူညီတွေးလျှက်
အမျိုးသားရေး လုပ်ဆောင်ပေးတာ
ရှေးကမှတ်သား လွန်ထင်ရှား။

အခုခါလည်း ပြည်ရွာထဲတွင်
မြဲမြံခိုင်ခန့် တည်တံ့သာသနာ
ဘာသာကောင်းကျိုး ရည်မျှော်ကိုးလို့
အမျိုးကိုစောင့် မျိုးမပျောက်ဖို့
စောင့်ရှောက်လေးထား ကြိုးစားနေတာ
မြင်သာတာမို့ မြန်မာများတို့
လေးစားကြည်ညို ရိုသေစို့။

တရားကိုခင် မေတ္တာယှဉ်၍
သက်ဝင်ကရုဏာ ကိုယ်ချင်းစာလျှင်
သံဃာတော်များ ဦးထိပ်ထားကာ
တရားပျက်သုဉ်း မျိုးမတုံးအောင်
စုရုံးလက်တွဲ မြင်မလွဲပဲ
ရဲရဲကူလို့ ဆောင်ရွက်စို့။

လရိပ်လေး (မောင်းမကန်)
(2. 9. 2013)

No comments:

Post a Comment