Pages

Friday, September 13, 2013

***အရိုင်းပန်း***


 

အရိုင်းဆန်လှ တောပန်းဘဝ
ချစ်ရမေတ္တာ ရှိခဲ့ပါလည်း
ဂုဏ်မာနကြား မ၀င့်ကြွားနိုင်
ချစ်အားရယ်ပြိုင် သစ္စာလှိုင်လည်း
မပိုင်ချစ်သဲ ကျန်ရစ်မြဲ။

အကျည်းတန်လှ မေ့ဘ၀၀ယ်
ပွင့်ရချစ်ပန်း ကြွေလွင့်နွမ်း၍
ချစ်လမ်းနဲ့ဝေး အမုန်းထွေးကာ
လွမ်းဆွေးဖိစီး အပူမီးသာ
ခရီးတစ်လျှောက် မီးနှယ်တောက်။

အရိုင်းဆန်ဆန် အကျည်းတန်လျှက်
ချစ်ဟန်ရယ်စွက် မေတ္တာဖက်လို့
ချစ်သက်တူယှဉ် ချစ်ရင်ခွင်မှာ
ခိုဝင်ကာပင် မှေးစက်ချင်လည်း
ဂုဏ်ရှင်လူသား မုန်းစကားကြောင့်
ချစ်အားရယ်ငယ် ညှိုးစိတ်ကြွယ်။

လရိပ်လေး (မောင်းမကန်)
(၁၁ . ၉ .၀၃ )

No comments:

Post a Comment