Pages

Thursday, February 7, 2013

...ရွယ်စူးစိတ်တူ...




မောင့်မူပို
လှတစ်ကိုယ် ယဉ်စိတ်ထားရယ်နဲ့
အသားတော် ဝါဝါညက်ကယ်
သည်းသက်ပိုင်ယူ...

မယ့်ချစ်သူ
အသားဖြူ တည်ကြည်ခိုင်လို့
ပိုင်ဆိုင်လို စိတ်ရွယ်ကိုးတယ်
နှောင်ကြိုးနဲ့လူ...

တူနှစ်ကိုယ်
ရွယ်တူခို မေတ္တာရိပ်ဝယ်ပ
မှေးအိပ်စဉ် ဖွဖွနမ်းမယ်
ညချမ်းတင့်ကူ...

ရွှေရင်ဖို
ချစ်ကွန်းခို သိမ့်သိမ့်တုန်မျှ
သက်ပုံကာ ချစ်ရည်လူးမယ်
ရွယ်စူးစိတ်တူ...

လွှမ်းနောင် နှင့် လရိပ်လေး
ချစ်သူများနေ့အမှတ်တရကဗျာ

No comments:

Post a Comment