Pages

Thursday, February 21, 2013

***လွမ်းအဆိပ်သင့် ည***


ဆောင်းညမှာလေ ကြယ်တွေကြွေလို့
လရောင်မှိန်ဖျော့ မော့မော့လေးငေးနေ
ချစ်ရသူရေ ဘယ်ဝယ်ဘယ်ဆီမြန်း
မှန်းဆကာလေ တမ်းတမပြေ
နွမ်းလျဘ၀င်မှာ မဖြေသာတကယ်လွမ်း
လာလမ်းကိုပဲ ကမ်းလင့်ကြိုနေ။

စေလိုရာစေ မသွေချစ်မှာမို့
ဘယ်သို့နေနေ ကြင်နာတွေဆင်ပွား
ချစ်အားကပိုနေ နေ့ရက်တွေပြောင်းသော်ငြား
မုန်းမေ့ကာဘယ်မထား မြောက်ပြန်လေပြေကြားမှာ
စိတ်အားရယ်ငယ် ရင်ဝယ်ခံစား
လွမ်းအားကပို ဖြေမဆည်သို့လေ။

ကျွမ်းရင့်ကာနေ လွမ်းဆိပ်တွေသင်ပြီမို့
မနေသာကြိတ်ကာခဲ တစ်ယောက်ထည်းငိုနေ
ကျေးစေကာစာလွှာပါးပေမဲ့ ခွန်းသွဲ့စာမခြွေ
နေနိုင်သူကြီးက ရက်စက်လေအား
နွေကန္တာလိုပူပေမဲ့ မမေ့ရက်လေတော့
ဆွေးလျက်သာလေ လွမ်းလို့မျှော်နေ။.....(လရိပ်လေး)
   

No comments:

Post a Comment