Pages

Saturday, February 2, 2013

***လွမ်းသူ့ ဆုတောင်း***



အဖြစ်အပျက် အသစ်တဲ့
ခေတ်ပဲခေါ်မလား စနစ်ပဲခေါ်မလား
ခံပြင်းခြင်းစစ်ပွဲတွေ အကြိမ်ကြိမ်ပွား
အပြစ်မဲ့တဲ့စစ်ရဲ့သားကောင် ဘ၀များ
နေစရာကရှား စားစရာကမဲ့
ရှေ့ဆက်ဖို့အတွက် ငိုမဲ့မဲ့။

တစ်ချို့အတွက်တော့ ရင့်ကျက်ဟန်ဆောင်လို့
စစ်ဘေးဆိုအသေးမွှား စကားထဲတောင်မထည့်
ရမ္မက်ခိုးဝေ အတ္တတွေထွေခင်းကစား
သုခဘုံလူသားဘ၀ ရသတွေစံစား
မျက်ကန်းတွေ ကြည့်မှန်လုကြတယ်
ထူးကြမတဲ့လား။

ကြမ္မာဆိုးမွှေ ဘ၀ကမိုးနဲ့မြေ
စစ်ဘေးကြောင့် ဘ၀ကြေ
မနေနိုင် ဖေးကိုင်မသူဝေး
သနားစရာ့ဘ၀ပေး
မှေးစက်ရာရှားနေကြရပြီ
စစ်မီးကိုငြိမ်းစေနိုင်မဲ့အား
အခုများသာရချင်လိုက်ပါဘိ
အတိုင်းမသိပျော်ကာ ရှေ့ဆက်မယ်
ထွေးဖက်ကာညီနောင်များ ငြိမ်းကြစေသား။

No comments:

Post a Comment