Pages

Thursday, February 7, 2013

***ငွေ့ရည်ဖွဲ့ အလွမ်း***


ချစ်ကြိုးသွယ် ငင်လာ
နွဲ့နှောင်းပလီ မေတ္တာနဲ့
သည်းဆိုင်မှာ လှုပ်ခါယိမ်းတယ်
မေ့ချစ်သည်းရှင်။

မြတ်မျိုးနွယ် ဘုန်းရောင်တင့်ပါလို့
ရွှေရုပ်လွှာ မေ့သခင်
နှောင်ငင်ရစ် အဆတိုး
တွယ်တာချင်သူသိနိုးမို့
ရှက်သွေးဖြာငင်။

ကြိတ်ပိုးတယ် တိတ်တခိုးရယ်မို့
မခို့တစ်ရို့ ပူပင်
မူပိုကာ ရင်ဝယ်သိမ်းကာဖြင့်
တွေးခက်တယ်ရှင်။

ရစ်တိုးတွယ် ချစ်နွံနစ်ကျွံရ
နွမ်းလျရင် ဖြေမရွှင်
ကျွမ်းရင်နင့် လွမ်းရင်ဆင့်ပါလို့
ပုလဲမျက်ရည် ငွေ့ရည်ဖွဲ့သီခဲ့
လွမ်းစိတ်ခိုဝင်။.

No comments:

Post a Comment