Pages

Monday, February 11, 2013

***လွမ်းဘွဲ့စာစီ သခင့်ဆီ .. သို့***




သခင့်အနမ်း တစ်ပွင့်ပန်းမို့
ပွင့်လန်းစဉ်သာ သဲညှာမှာဆင့်
ပွင့်လွှာရင့်ထိ မညှိုးရိပဲ
စွဲငြိခိုဝင် မြစ်တွယ်ချင်သည်
သခင်ကမ်းလင့် ချူပါလေ။

သခင့်အပြုံး လရောင်ရှုံးလိမ့်
ဆက်ထုံးငွေ့ရည် ချစ်ကြိုးသီကာ
တွယ်မှီစိုက်ဆူး မေ့ရင်ဦးဝယ်
ငြိကူးတွယ်လျှက် ချစ်စိတ်ယှက်၍
မေးစက်ခိုဝင် မေ့ရင်ခွင်။

သခင့်သံစဉ် သောတဆင်မိ
ရွှေရင်ငြိကာ တေးသံသာသို့
ရင်မှာထိရှ မက်မောလှ၍
နေ့ညမကွာ ညင်သာစွာဖြင့်
စဉ်သာကြားချင် စိတ်ကူးဝင်။

သခင်သိစေ ကဗျာတွေမွေး
စာပေရေးကာ ဖွင့်ဟပါလည်း
တိမ်လွှာဖုံးကွယ် လပုံနှယ်သာ
ရှောင်ဖယ်ပြေးခဲ့ ဖြေရာမဲ့တော့
လွမ်းနဲ့စာစီ တွေးဝေသီကာ
မပီဝိုးဝါး လွမ်းစိတ်ထား၍
စိတ်အားရယ်ငယ် နွမ်းလျတယ်။.....(လရိပ်လေး)

No comments:

Post a Comment