Pages

Thursday, February 7, 2013

***ပတ္တမြားစင်စစ် နွံမနစ်သင့်***



 

အမျိုးမှန်မှ ဖိုးတန်ရ၏
ယောင်ပြတုခိုး အကျင့်ဆိုးကို
မျိုးရိုးမထောက် လောဘရောက်ကာ
မျက်မှောက်ကောင်းရာ တွေးတောကာဖြင့်
ဘာသာခြားအား အယူမှား၍
ဘုရားမေ့ကာ တဏှာမှာမျော
ခန္ဓာနှော၍ မနေသင့်။

တွေးချင့်ဆင်ခြင် အသိဝင်၍
ယဉ်ယဉ်ကျေးကျေး ပျိုမေလေးတွေ
လှရေးဟန်ပို စိတ်ထားချိုလည်း
မဆိုလောက်လေး ခက်ခဲရေးကို
အတွေးပိုကာ ဆင်ခြေရှာ၍
ဘာသာခြားကို ချစ်အားပိုက
ငိုယိုခံစား ဒုက္ခများကာ
ဘုရားမတွေ့ ငရဲရှေ့မှောက်
တစ်နေ့ရောက်ကာ သံသရာမှ
ကင်းကွာဒုက္ခ ဝေးလေစွ။

ကောင်းကျိုးချမ်းသာ အစစ်မှာကား
ဥစ္စာဓန အလှပတွေ
ချပြစရာ မဟုတ်ပါလေ
ရင်မှာမေတ္တာ စေတနာနှင့်
ဆရာသမား မိဘများအား
လေးစား၍သာ သာသနာကို
စဉ်သာအားထား မြတ်တရားနှင့်
ပွားများနေ့စဉ် အလှဆင်မှ
ဖြူစင်အေးမြ စိတ်ထားလှ၍
ဘ၀ငြိမ်းရာ တွေ့မည်သာ။..

No comments:

Post a Comment