Pages

Friday, October 28, 2016

***ငြိမ်းချမ်းခြင်းဆီသို့***

အရည်အချင်း ရှိသောသူသည်
အမှန်တရားကိုရှာ၍
အရည်အချင်း မရှိသောသူသည်
အမှန်တရားကိုရှောင်၏။

ရာထူးမက်သောသူသည်
ကပ်ဖားတတ်၍
ရာထူးမမက်သောသူသည်
ပေးဆပ်မျှဝေတတ်၏။

ဆရာစိတ်ရှိသောသူသည်
ဆရာအားလေးစား၍
ဆရာစိတ်မရှိသောသူသည်
ဆရာအား စော်ကားတတ်၏။

လောက၌ ဘဝရှင်သန်မှုကား
ခဏတာသာဖြစ်၍
ဆရာအားလေးစားလျက်
ပေးဆပ်မျှဝေခြင်းဖြင့်
အမှန်တရားကိုရှာဖွေသူသည်
ငြိမ်းချမ်းခြင်း အစစ်အမှန်ကို
ပိုင်ဆိုင်ခွင့်ရပေလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
20.10.2016
http://layeiklay.blogspot.com/
 

No comments:

Post a Comment