Pages

Friday, October 28, 2016

***ချစ်ငွေ့ဝေဝေ နှလုံးသားမြေ***

ရာသီနှောင်းလည်း သူ့အချစ်မပြောင်း
ထပ်လောင်းဆင့်ကာ ချစ်နေရှာသည့်
မာယာတွေကင်း သူ့ချစ်ခြင်းကို
ရင်တွင်းထာဝရ သိမ်းထားမည်။

သူနဲ့ဆုံရာ ခဏတာဝယ်
ဗျာပါသောက ကင်းဝေးရလျက်
အေးမြရင်ဝယ် ချစ်ခြင်းသွယ်။

ထိုသို့ချစ်ခြင်း သူအပ်နှင်းတော့
ပြစ်ကင်းလှကြွယ် ကလေးနှယ်သို့
သစ္စာဖလှယ်၍ နေတော့မည်။

လရိပ်လေး (မောင်းမကန်)
25.10.2016
http://layeiklay.blogspot.com/

No comments:

Post a Comment