Pages

Tuesday, October 18, 2016

***ရှား***


တဏှာရာဂ သံသယနှင့်
ချစ်စကိုမွေး အတ္တထွေးလျက်
အတွေးစတွေ မှားယွင်းပေက
မိတ်ဆွေစစ်တွေ ရှားနိုင်ပေ။


မိဘဆရာ မျှမေတ္တာကို
နာခံမှုဝေး မောဟထွေးလျက်
မတွေးမဆ တန်ဖိုးကျအောင်
ဘဝလမ်းတွေ လျှောက်လှမ်းနေသော်
မိတ်ဆွေစစ်တွေ ရှားနိုင်ပေ။

လရိပ်လေး (မောင်းမကန်)
7.10.2016
http://layeiklay.blogspot.com/

No comments:

Post a Comment