Pages

Sunday, October 30, 2016

***အသိ***

လူလိမ်များစွာ
ကြုံသောအခါ
အားနာတတ်တာ မှားကြောင်းသိ။

သစ္စာမဲ့တာ
ကြုံသောအခါ
မေတ္တာပေးတာ မှားကြောင်းသိ။

အခက်အခဲများစွာ
ကြုံသောအခါ
ပညာနည်းတာ မှားကြောင်းသိ။

လူမိုက်များစွာ
ကြုံသောအခါ
ပညာပေးတာ မှားကြောင်းသိ။

ကျေးဇူးကန်းတာ
ကြုံသောအခါ
ပေးဆပ်မိတာ မှားကြောင်းသိ။

ကြုံဆုံလာရ
လူ့ဒုက္ခ
များလှအသိ ရခဲ့၏။

လရိပ်လေး (မောင်းမကန်)
28.10.2026
http://layeiklay.blogspot.com/

No comments:

Post a Comment