Pages

Monday, October 3, 2016

***အများအကျိုးဆောင်ရွက်နိုင်ပါစေ***

စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ အဓိကလိုအပ်တဲ့ Marketing ဈေးကွက်ရှာဖွေခြင်း အပိုင်းကို မသန်စွမ်းသူများရဲ့ မိဘများအတွက် ရွှေပြည်သာမှာ သင်တန်းပြုလုပ်ပြီး စေတနာနဲ့ ကူညီဆွေနွေးပေးခဲ့ပါတယ်။ ဆွေးနွေးပြီး အပြန်အလှန်မျှဝေခြင်းတွေက သူတို့အတွက်တကယ်လိုအပ်ကြောင်း ထိရောက်မှုရှိကြောင်း အကြောင်းပြန်မှုတွေရရှိခဲ့တယ်။ 
 
သင်တန်းဆင်းပွဲနေ့မှာ ကျွန်မတို့ရဲ့စေတနာကို အသိအမှတ်ပြုလို့ ဆန်တစ်အိတ်စီ လက်ဆောင်ပေးပါတယ်။ ပညာမျှဝေမှုကြောင့်ရရှိတဲ့ အရာကို ပိုမိုတန်ဖိုးရှိအောင်လို့ အလှူတစ်ခုပြုလုပ်ဖြစ်ပါတယ်။ 
 
အလှူလေးက လှိုင်သာယာက အနှိုင်းမဲ့မေတ္တာ ပရဟိတ မိဘမဲ့ဂေဟာမှာ ဆန်တစ်အိတ်နဲ့ ငွေငါးသောင်း လှူဒါန်းခြင်းပါ။ မသန်စွမ်းသူများကို ပြုစုပျိုးထောင်ပေးနေရတဲ့ မိဘတွေနဲ့ မိဘမဲ့နေတဲ့ ကလေးများရဲ့ ပညာရေးကို ကျွန်မတတ်သိသောပညာ ကျွန်မရဲ့ ချွေးနဲစာလေးထဲက လှူဒါန်းမှုပြုရသော ကုသိုလ်ကြောင့် နောင်ဒီထက်မက အများအကျိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်း ရင်း များလူသာဓုခေါ်နိုင်ပါစေရှင်။ 

လရိပ်လေး (မောင်းမကန်) 
2.10.2016
http://layeiklay.blogspot.com/
 

No comments:

Post a Comment