Pages

Wednesday, April 16, 2014

***နှစ်သစ် ဆုတောင်း***


နှစ်သစ်ချိန်ခါ
ပြည်မြန်မာ
သာယာပါစေ တောင်းဆုချွေ။

ပန်းပေါင်းစုံရာ
ဥယျာဉ်ပမာ
ကြင်နာပန်းတွေ ဖူးပွင့်စေ။

အချင်းချင်းတွေ
မေတ္တာဝေ
ငြိမ်းအေးပါစေ ပြည်သူတွေ။

အာဏာရှင်စနစ်
ကွယ်ပျောက်လွင့်
စနစ်သစ်တွေ ရောက်ရှိစေ။

လာဘ်ပေးလာဘ်စား
အမှုများ
ပျက်ပြားပါစေ တို့မြန်ပြည်။

သွေးသက်ချခင်း
စစ်ဖြစ်ခြင်း
ကင်းငြိမ်းပါစေ တို့မြန်ပြည်။

လယ်ယာမြေသိမ်း
ဒုက္ခဘေး
ကင်းဝေးပါစေ တို့မြန်ပြည်။

ပါတီအချင်းချင်း
သင်းကွဲခြင်း
ကင်းရှင်းပါစေ တို့မြန်ပြည်။

သာသနာပျက်စေ
မျိုးဖျက်တွေ
ကြွေလွင့်ပါစေ တို့မြန်ပြည်။

ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ချစ်ခင်ကြစေ တို့မြန်ပြည်။

အမျိုးဘာသာ
တည်တံ့ကာ
လင်းဖြာပါစေ တို့မြန်ပြည်။

သာသနာ့အလင်း
ရွှေရောင်ဝင်း
လက်ငင်းအကျိုးတွေ ရကြစေ။

နှစ်သစ်မှလေ
နှောင်နှစ်တွေ
ငြိမ်းစေအေးစေ ချမ်းသာစေ။

လရိပ်လေး (မောင်းမကန်)
(၁၇ . ၄ .၂၀၁၄ )
http://layeiklay.blogspot.com/

No comments:

Post a Comment