Pages

Thursday, April 10, 2014

***ပျော်ရွှင်စရာ သင်္ကြန်ခါ***


ရွှေအိုရောင် ပိတောက်ပန်း
ပင်ယံနန်း ဝေဝေဆာ။

ရနံ့ဖြာ ကြိုင်လှိုင်သင်း
စိုပြည်ဝင်း သည်ချိန်ခါ။

တစ်နှစ်မှာ တခါထူး
ကြည်နူးစရာ သင်္ကြန်ခါမို့
တို့ရိုးရာ မပျက်စေရေး။

ကုသိုလ်ရေး ကူညီပေးကာဖြင့်
ယဉ်ကျေးစွာ ရေလောင်းပက်လို့ရယ်
သင်္ကြန်ရက်ဝယ် ပျော်ကြမယ်လေး။

လရိပ်လေး (မောင်းမကန်)
(၁၀ . ၄ .၂၀၁၄)
http://layeiklay.blogspot.com/

No comments:

Post a Comment