Pages

Wednesday, April 2, 2014

***ချစ်မေမေ သို့***


ကျွန်မရဲ့
မျက်လုံးတွေမြင်ခွင့်ရတဲ့ အချိန်တိုင်း
အမေ့ပြုံးကိုပဲ မြင်နေချင်မိတယ်။

ကျွန်မရဲ့
အကြားအာရုံရှိနေသမျှ
အမေ့ ဆိုဆုံးမတဲ့ စကားတွေကို
ကြားခွင့်ရချင်ပါတယ်။

ကျွန်မရဲ့
လက်တွေ သန်မာနေသမျှ
အမေ့ကို ပြုစုပြီး
လက်စုံမိုးလျက် ကန်တော့ခွင့်ရချင်ပါတယ်။

ကျွန်မရဲ့
ခြေထောက်တွေ လမ်းလျှောက်နိုင်နေသမျှ
အမေ့ဘ၀ ပြည့်စုံဖို့
ရုန်းကန်လှုပ်ရှားခွင့် ရချင်ပါတယ်။

ကျွန်မ အိပ်စက်ခွင့်ရတဲ့
ညတွေတိုင်းမှာ
အမေ့ရင်ခွင် နွေးနွေးလေးအောက်
မှေးစက်ခွင့်ရချင်ပါတယ်။

ဒါပေမဲ့ အမေရယ်
ကြမ္မာလား ညံ့ဖျင်းမှုလား
ဝေခွဲလို့မရတဲ့ လောကဓံကို
အနိုင်မယူ နိုင်သေးတဲ့
ခဏတာ အချိန်လေးမှာ
ကျွန်မအမေနဲ့ ဝေးကွာနေရတယ်။

ရူးမိုက်စွာနဲ့ ဆုတစ်ခုတောင်းနေမိတယ် အမေ
ပြီးပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်စေရင်း
အမေ့အနားမှာ ထာဝရရှိနေခွင့်ရတဲ့
သမီးလေးဖြစ်ပါစေလို့
ဆုတောင်းတိုင်းသာ ဖြစ်မယ်ဆိုရင်……………

လရိပ်လေး (မောင်းမကန်)
(၁ .၄ .၂၀၁၄)

No comments:

Post a Comment