Pages

Saturday, April 19, 2014

**ဆိပ်သင့် ချစ်ခြင်းတွက် ပစ်မှတ်***


အစွဲမထားချင်တော့ဘူး
နှလုံးသား ဆိုတာ
အချစ်ကျေးကျွန်ဖြစ်ဖို့ သက်သက်မှ မဟုတ်တာ
ဘ၀ဒဏ်ခံဖို့ လူသားရဲ့ အရင်းမြစ်တစ်ခု။

သမုဒယရဲ့ချည်နှောင်ခြင်းကို
တဏှာစစ်တလင်းမှာ ချခင်းပြရုံနဲ့
အချစ်တစ်ခုက ကဗျာမဆန်နိုင်ပါဘူး။

သိမ်မွေ့လှပတဲ့ နှလုံးသားစီးကြောင်းတွေ
နူးညံ့စွာချိတ်ဆက်မှုကို အချစ်လို့တင်စားချင်မိတဲ့ ငါ
ချစ်ခြင်းမဲ့ ခရောင်းတံတားကို ဇွတ်နင်းမိခဲ့။

လူတကာ လွမ်းတာမြင်ရင်
မဲ့ပြုံးဖူးတဲ့ ငါ အခုတော့ လွမ်းဖျားလွမ်းနာကျလို့
မုန်းတံခါးကို ခေါက်မိရက်သား။

အဆိပ်မှန်း သိရက်နဲ့
ခပ်သောက်ပြီးမှတော့
အစိမ်းသက်သက် အသေခံရုံပေါ့။

နိဂုံးက ဇာတ်နာနေပြီးသားမို့
မုန်ခြင်းမဲ့ ငါ့ရဲ့နှလုံးသားတစ်စုံကို
အလွမ်းအုတ်ဂူမှာပဲ ထာဝရ
သိပ်ထားလိုက်တော့မယ်။

လရိပ်လေး(မောင်းမကန်)
(၁၉ . ၄ .၂၀၁၄)
http://layeiklay.blogspot.com/

No comments:

Post a Comment