Pages

Wednesday, March 8, 2017

***အရောင်ပြောင်းလဲ***

မျှော်လင့်ချက်မဲ့သည့် ပေးဆပ်ခြင်းသည်
လူတိုင်းတွင်မရှိနိုင်။

ဖြစ်စေချင်သည့်အတ္တ၊ ပိုင်ဆိုင်ချင်သည့်အတ္တ၊
မောဟဖုံးလွမ်းနေသည့် တဏှာတို့သည်
ပေးဆပ်သူတို့၏ မသိစိတ်တွင်း ခိုအောင်းနေတတ်သည်။

အသိစိတ်ကပေးဆပ်၍ မ
သိစိတ်ကရလိုနေခြင်းကြောင့်
မေတ္တာတရားသည်
အရောင်ပြောင်းလဲ၏။

လရိပ်လေး (မောင်းမကန်)
၂၈.၂.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment