Pages

Wednesday, March 8, 2017

***ယူသောလက်တွေ နည်းပါစေ***


ပေးသူယူသူ မြဲကြည်ဖြူလည်း
မတူသဘောထား ကွဲပြားပါမူ
စိတ်နာကျင်လျက် အမုန်းဖက်ကာ
မိတ်ပျက်ကြောင်းသာ ရှိတတ်သည်။

ဖြူစင်စိတ်ထား ဆိုသော်ငြားလည်း
လူသားများတွင် အတ္တခင်ကာ
တဏှာရာဂ သမုဒယကြောင့်
မျှတမှုတွေ မေ့တတ်သည်။

လူပီသချင် လူစစ်ချင်က
ပေးချင်စိတ်သာ မွေးမြူပါလျက်
ပေးလာခဲ့မူ တွေးဥာဏ်ကူ၍
မယူသင့်က ရှောင်ကြလေ။

သို့မှသာလျင် ဘဝစဉ်တွင်
ရွှေရင်အေးမြ နှလုံးလှလျက်
လမ်းစကောင်းတွေ ရလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
3.3.2017
http://layeiklay.blogspot.com/

No comments:

Post a Comment