Pages

Wednesday, March 8, 2017

***ကျဆုံးခန်း***


အောင်မြင်မှု၏ နောက်ကွယ်၌
ပျော်ရွှင်ခြင်းတို့ ကျဆုံး၏။

ဟန်ဆောင်မှု၏ နောက်ကွယ်၌
ရိုးသားခြင်းတို့ ကျဆုံး၏။

အငြိုးအတေး၏ နောက်ကွယ်၌
မေတ္တာတရားတို့ ကျဆုံး၏။

ဒေါသတရား၏ နောက်ကွယ်၌
သည်းခံနိုင်စွမ်းတို့ ကျဆုံး၏။

အမြင်မကြည်ခြင်း၏ နောက်ကွယ်၌
နားလည်မှုတို့ ကျဆုံး၏။

မှားယွင်းသောစော်ကားမှု၏ နောက်ကွယ်၌
ချစ်ခြင်းတရားတို့ ကျဆုံး၏။

အတ္တ၏ နောက်ကွယ်၌
ငြိမ်းချမ်းခြင်းတို့ ကျဆုံး၏။

သေခြင်းတရား၏ နောင်ကွယ်၌
လွတ်မြောက်ခြင်းတို့ ကျဆုံး၏။

အရာအားလုံး၏ နောက်ကွယ်၌
ကျွန်မယုံကြည်မှုများ ကျဆုံး၏။

လရိပ်လေး( မောင်းမကန်)
၃.၃.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment