Pages

Friday, March 31, 2017

*** ပြောင်းလဲခြင်းပေလား ? ***

လောက၌ ရိုးသားသူများသည်
အစော်ကားခံရပြီး
ဟန်ဆောင်ပြီး စိတ်ထားကောက်ကျစ်လျက်
အခွင့်အရေးယူတတ်သူများသည်
လူပုံအလယ် ချီးမြှောက်ခြင်းခံရသည်။

လူတို့သည် စော်ကားနှိမ့်ချရသည်ကို
အရသာတွေ့လျက်
ချီးမြှင့်အားပေးရသည်ကို ရွံရှာနေကြသည်။

ဤသည်ကား ပြောင်းလဲခြင်းပေလား ?
စိတ်သဏ္ဍန်တွင်း ငြိမ်းချမ်းစေရန်
မိမိ၏စိတ်ကိုသာ ပြောင်းလဲသင့်ပေသည်။

လရိပ်လေး (မောင်းမကန်)
19.3.2017
http://layeiklay.blogspot.com/

No comments:

Post a Comment